ERP အကောင်အထည်ဖော်စဥ်အတွင်း အ‌ရေကြီးဆုံးအဆင့်(၄)ဆင့် – Sunfix Consulting Group Myanmar
Article

ERP အကောင်အထည်ဖော်စဥ်အတွင်း အ‌ရေကြီးဆုံးအဆင့်(၄)ဆင့်

ERP အကောင်အထည်ဖော်စဥ်အတွင်း အ‌ရေကြီးဆုံးအဆင့်(၄)ဆင့်

ERP System ကိုအကောက်အထည်မဖေါ်ခင်, မိတ်ဆွေအနေနဲ့ ERP ကိုအသုံးပြုရခြင်းရဲ့ ရည်ရွယ်ချက်တွေ၊ စရိတ်တွေ၊ ဘယ်လုပ်ငန်းပိုင်းတွေမှာအသုံးပြုမလဲဆိုတာ ERP Vendor တွေနှင့်အတူအရင် ဆွေနွေးကြည့်ရပါမယ်။ ဒီအဆင့်ပြီးတော့မှ မိတ်ဆွေအနေနှင့် ERP ကိုအကောင်အထည်ဖေါ်တဲ့အဆင့်ကိုစတင်နိုင်မှာဖြစ်ပါတယ်။

✔ မိတ်ဆွေအနေနဲ့ ဘယ်ဟာပြီးရင်ဘာလုပ်မယ်၊ ဘယ်သူကိုတော့ဘယ်အချက်တွေကို သုံးစွဲခွင့်ပေးမယ်ဆိုတဲ့ ERP Implementation Schedule အရင်လုပ်ရမှာဖြစ်ပါတယ်။ ဒီ Schedule ကတော့မိတ်ဆွေအနေနဲ့ ကိုယ်တိုင်လုပ်စရာမလိုပါဘူး ကျွန်တော်တို့လို့ ERP Vendor တွေဘက်က ပို့ပေးရမှာမျိုးဖြစ်ပါတယ်။

✔ အချက်အလက်တွေကို ရွှေ့ပြောင်းတာ နှင့် ပေါင်းစည်းတဲ့အဆင့်ကတော့ ရှုပ်ထွေးပါတယ်။ မိတ်ဆွေတို့အနေနှင့် လုပ်ငန်းပိုင်းမှာရှိတဲ့ အချက်အလက်တွေကို တိကျစွာပို့ပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာမိတ်ဆွေတို့ကို အကြံပေးချင်တာက လုပ်ငန်းပိုင်းနဲ့သက်ဆိုင်တဲ့အချက်အလက်တွေကို လျှို့ဝှက်ထားလို့မရပဲ တိတိကျကျပို့ပေးရမှာပါ။ ဒါမှ မိတ်ဆွေရဲ့ ERP System ကမှန်ကန်တဲ့အချက်အလက်တွေ ထုတ်ပေးနိင်မှာပါ။

✔ နောက်တစ်ခုအနေနဲ့တော့ ERP User Training ပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ရဲ့ ဝန်ထမ်းတွေကို ERP System နဲ့ရင်းနှီးသွားအောင် လေ့ကျင့်ပေးရမှာပဲဖြစ်ပါတယ်။ ဝယ်ယူထားတဲ့ ERP System ရဲ့လုပ်ငန်းစဥ်တွေ၊ အသုံးပြုနိုင်အောင်ပြောပြပေးတဲ့ Tutorial Videos တွေ၊ User Type အလိုက် လေ့ကျင်ပေးတာတွေ ပါဝင်မှာဖြစ်ပါတယ်။

✔ အပေါ်ကအဆင့်တွေပြီးလို့သုံးလို့ရပြီလားဆိုရင်တော့ နောက်ဆုံးအဆင့်အနေနဲ့ Testing အဆင့်ကျန်ပါသေးတယ်လို့ ပြောပါရစေ။ အရင်ဆုံးမိတ်ဆွေအနေနဲ့ အချိန်ယူအမျိုးစုံ စမ်းသပ်အသုံးပြုကြည့်မှသာ တကယ်အသုံးပြုတဲ့အခါကြရင် အမှားမရှိတဲ့ ERP System ကိုရနိုင်မှာပဲဖြစ်ပါတယ်။
—————————————————————-
Website 🌐: www.sunfixconsulting.com.mm
Email 📧: info.sunfix@sunfixconsulting.com.mm
Ph ☎️: 09-252991462, 09-787539089

#SaveMyanmar
#sunfix #cuscen #erp #cloudbased #consulting #sunfixconsultingmyanmar #clouderp #myanmar #software #b2b #business #digitaltransformation

Related Articles

Article

ERP အကောင်အထည်ဖော်စဥ်အတွင်း အ‌ရေကြီးဆုံးအဆင့်(၄)ဆင့်

ERP System ကိုအကောက်အထည်မဖေါ်ခင်, မိတ်ဆွေအနေနဲ့ ERP ကိုအသုံးပြုရခြင်းရဲ့ ရည်ရွယ်ချက်တွေ၊ စရိတ်တွေ၊ ဘယ်လုပ်ငန်းပိုင်းတွေမှာအသုံးပြုမလဲဆိုတာ ERP Vendor တွေနှင့်အတူအရင် ဆွေနွေးကြည့်ရပါမယ်။

Article

ERP စရိတ်တွေကို ဘယ်လိုလျော့ချမလဲ ??

ERP ဆိုတာကတော့ မိတ်ဆွေတို့ကြားဖူးတဲ့အတိုင်း ကုန်ကျစရိတ်ကြီးပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ်ကိုလျော့ချရန် နည်းလမ်းအချို့တော့ရှိနေပါတယ်။ 💁‍♂💁‍♂

Article

လက်လီလုပ်ငန်းတွေမှာ ERP သုံးလိုရလား ??

Retail (လက်လီ) လုပ်ငန်းတွေမှာ‌ရော ERP System လိုအပ်လားလို့မေးလာရင်တော့ အကောင်းဆုံးနဲ့ အထိရောက်ဆုံး ရလဒ်ကို လိုချင်တယ်ဆိုရင်တော့ မိတ်ဆွေအတွက် ERP ကမျက်လုံးမှိတ်ပြီးသား‌ရွေးချယ်လိုက်ပါ။ Retail လုပ်ငန်းငယ်တွေမှာတော့ ERP System ရဲ့ကုန်ကျစရိတ်က များပြာကောင်းများပြားနိုင်ပါတယ်။ ဒါပေမယ့် မိတ်ဆွေလုပ်ငန်းချဲ့ထွင်မယ်၊ ပိုပြီးတိုးတက်အောင်လုပ်မယ်ဆိုရင်တော့ မိတ်ဆွေအနေနဲ့ ERP System တွေကိုလိုအပ်လာမှာကတော့ အသေအချာပါပဲ။