Dell လို့ပြောလိုက်မယ်ဆိုရင် မသုံးဖူးရင်တောင်မှာ ဒီဖက်ခေတ်မှာမသိတဲ့သူ ခပ်ရှားရှားပါ။ အကြမ်းခံတဲ့ Computer Brand တစ်ခုဆိုလည်းမမှားပါဘူး။ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး Computer ထုတ်လုပ်ရောင်းချနိုင်တဲ့ကုမ္မဏီတွေ ထဲမှာ တစ်ခုအပါအဝင်ပါ။ ဒီနေ့မှာတော့ Dell ကုမ္မဏီရဲ့တိုးတက်လာစေတဲ့အကြောင်းအရင်းတွေနှင့် သူတို့ဦးတည်ချက်တွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
Dell ကုမ္မဏီရဲ့ CEO Michael Dell ဟာ ၁၉၈၅ ခုနှစ်မှာ Customer တွေရဲ့လိုအပ်ချက်တွေအတွက် Computer ပစ္စည်းတွေ စိတ်ကြိုက် တပ်ဆင်တဲ့ဝန်ဆောင်မှုမျိုးတွေစတင်ခဲ့ပါတယ်။ ဒါဟာ သူတို့အတွက် တစ်ခြား ကုမ္မဏီတွေနှင့် မတူတဲ့ထူးခြားတစ်ခုဖြစ်လာပါတယ်။ အဲဒါအပြင် ဖုန်းနှင့် Customer က မှာတဲ့အခါကျရင် Computer တွေကို အိမ်အရောက်ပို့ပေးတဲ့ဝန်ဆောင်မှုနှင့် ပေါင်းစပ်တဲ့အခါမှာ Customer တွေအတွက် အဆင်ပြေစေရုံသာမကပဲ ကုမ္မဏီရဲ့ စရိတ်တွေကိုလည်းများစွာ လျော့ချပေးနိုင်ခဲ့ပါတယ်။ အဲဒီနှစ်ချက်ဟာ Computer အရောင်းဝယ်လောကထဲမှာ အကြီးဆုံးကုမ္မဏီတွေထဲက တစ်ခုအဖြစ်တည်ရှိနေရတဲ့ အကြောင်းအရင်းတွေပါ။
Dell ဟာ Customer အတွက်လိုအပ်ချက်ကို အာရုံစိုက်ပြီး သူတို့စိတ်တိုင်းကျစေမယ့်နည်းလမ်းကို ရှာဖွေ့တွေ့ရှိခဲ့ပါတယ်။ သူတို့ရဲ့ ထုတ်ကုန်နှင့်ဖြန်ချိရေးကို ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ Dell အနေဖြင့် Apple လိုမျိုး စတိုင်ကျ၊ ဇိမ်ခံမစ္စည်းမျိုးတွေမထုတ်ပဲ အသုံးဝင်မှုနှင့် တန်ဖိုးကိုသာ ဦးတည်ဆောင်ရွက်လျက်ရှိပါတယ်။
#sunfix #cuscen #erp #cloudbased #consulting #sunfixconsultingmyanmar #clouderp #myanmar
Article
Choosing an ERP isn’t just about buying software- it’s about investing in the future of your business. The wrong choice can lead to costly delays, frustrated employees, and inefficient processes. The right one can transform how your organization operates.
