sunsystem in myanmar
Article

သင့်လုပ်ငန်းရဲ့ တိုးတက်မှုကို နောက်ပြန်ဆွဲနေတဲ့ မမြင်နိုင်တဲ့ ပြဿနာ

သင့်လုပ်ငန်းရဲ့ တိုးတက်မှုကို နောက်ပြန်ဆွဲနေတဲ့ မမြင်နိုင်တဲ့ ပြဿနာ

ယနေ့လို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ စီးပွားရေးလောကမှာ လုပ်ငန်းတိုင်းဟာ ရှေ့ကို တက်လှမ်းဖို့ ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတော်တော်များများမှာ တိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့ မမြင်နိုင်တဲ့ ပြဿနာတစ်ခု ရှိနေတတ်ပါတယ်။ အဲဒါကတော့ နေရာအနှံ့မှာ ပြန့်ကျဲနေတဲ့ “ဒေတာ” တွေပါပဲ။
ဘဏ္ဍာရေးဌာနက Excel ဖိုင်တွေ၊ အရောင်းဌာနကသုံးတဲ့ CRM၊ ကုန်လှောင်ရုံကသုံးတဲ့ system စသဖြင့် ဌာနတစ်ခုနဲ့တစ်ခု အချက်အလက်တွေ ချိတ်ဆက်မထားတဲ့အခါ ဒေတာတွေဟာ အစိတ်စိတ်အမွှာမွှာဖြစ်ပြီး ရှုပ်ထွေးလာပါတယ်။ IDC (International Data Corporation)ရဲ့ လေ့လာမှုအရ၊ ဒီလို ဒေတာတွေ ချိတ်ဆက်မှုမရှိခြင်းကြောင့်ပဲ လုပ်ငန်းတွေဟာ နှစ်စဉ်ဝင်ငွေရဲ့ ၁၂% ခန့်ကို ဆုံးရှုံးနေရပါတယ်။

ဘယ်လို နစ်နာမှုတွေ ဖြစ်စေသလဲ?
ပြန့်ကျဲနေတဲ့ ဒေတာတွေကြောင့် သင်ဟာ အရေးကြီးတဲ့ signalsတွေကို လွဲချော်နိုင်ပါတယ်။ ဥပမာ –
(၁) အခွင့်အလမ်းတွေ လက်လွတ်ရခြင်း: ဈေးကွက်ဝယ်လိုအား ရုတ်တရက်ပြောင်းလဲတာ၊ ကိုယ့်ကုန်ပစ္စည်းရဲ့ လမ်းကြောင်းသစ်တွေကို မမြင်လိုက်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒေတာကို ပေါင်းစည်းထားတဲ့ ကုမ္ပဏီတွေဟာ လုပ်ငန်းလည်ပတ်မှု ၆၆% ပိုကောင်းလာတာကို တွေ့ရပါတယ်။
(၂) မမြင်နိုင်တဲ့ အန္တရာယ်များ: ငွေပေးချေမှုတွေ ထပ်နေတာ၊ data security လစ်ဟာနေတာလိုမျိုး ပြဿနာတွေဟာ မတူညီတဲ့ system တွေကြားမှာ ပုန်းကွယ်နေတတ်ပါတယ်။ တကယ်ဖြစ်ခဲ့တဲ့ ဥပမာတစ်ခုမှာဆိုရင်၊ manual system ၃၅ ခုမှာ မမြင်နိုင်ဘဲဖြစ်နေတဲ့ ပြဿနာတွေကို ERP စနစ်တစ်ခုတည်းကသာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဖြေကတော့ ခေတ်မီ ERP စနစ်ပါပဲ။

ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ လုပ်ငန်းတစ်ခုလုံးရဲ့ ဒေတာတွေကို တစ်နေရာတည်းမှာ စုစည်းစီမံခန့်ခွဲပေးနိုင်တဲ့ ခေတ်မီ ERP (Enterprise Resource Planning) system တစ်ခုကို အသုံးပြုခြင်းပါပဲ။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအတွက် ပြင်ဆင်ထားတဲ့ CUSCEN ERPဟာ သင့်လုပ်ငန်းရဲ့ အရောင်း၊ ဘဏ္ဍာရေး၊ ဝန်ထမ်းရေးရာ၊ ကုန်ထုတ်လုပ်မှုနဲ့ ကုန်ပစ္စည်းစာရင်း စတဲ့ ဌာနအားလုံးကို တစ်ခုတည်းသော ပလက်ဖောင်းပေါ်မှာ ချိတ်ဆက်ပေးပါတယ်။ ဒါ့အပြင် ရှုပ်ထွေးနေတဲ့ ဒေတာတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်တဲ့ Dashboard တွေအဖြစ် ပြောင်းလဲပေးပြီး၊ လုပ်ငန်းစဉ်တွေကို အလိုအလျောက်ဖြစ်စေတာကြောင့် လူပင်ပန်း၊ အချိန်ကုန်သက်သာပြီး အမှားအယွင်းတွေကို သိသိသာသာ လျော့ကျစေပါတယ်။

ခေတ်မီ ERP စနစ်ဆိုတာ ဇိမ်ခံပစ္စည်းတစ်ခုမဟုတ်ဘဲ၊ ဒီနေ့ခေတ်မှာ လုပ်ငန်းရှင်သန်တိုးတက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ လက်နက်တစ်ခုဖြစ်လာပါပြီ။ သင့်လုပ်ငန်းကို ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့၊ ပိုမြန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့နဲ့ risksတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့အတွက် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ ဖြစ်ပါတယ်။

Related Articles

Sunfix Consulting Company Article

𝐁𝐞𝐲𝐨𝐧𝐝 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠: 𝐇𝐨𝐰 𝐌𝐨𝐝𝐞𝐫𝐧 𝐄𝐑𝐏 𝐒𝐲𝐬𝐭𝐞𝐦𝐬 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐩𝐞𝐫𝐚𝐭𝐢𝐨𝐧𝐬

Many people still think of ERP as just an accounting system. But modern ERP solutions have evolved far beyond finance management- they have become the digital backbone that connects an entire business.

Sunfix Consulting Company Article

𝐂𝐡𝐨𝐨𝐬𝐢𝐧𝐠 𝐭𝐡𝐞 𝐑𝐢𝐠𝐡𝐭 𝐄𝐑𝐏 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧: 𝐊𝐞𝐲 𝐅𝐚𝐜𝐭𝐨𝐫𝐬 𝐄𝐯𝐞𝐫𝐲 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐒𝐡𝐨𝐮𝐥𝐝 𝐄𝐯𝐚𝐥𝐮𝐚𝐭𝐞

Choosing an ERP isn’t just about buying software- it’s about investing in the future of your business. The wrong choice can lead to costly delays, frustrated employees, and inefficient processes. The right one can transform how your organization operates.

Sunfix Consulting Company Article

𝟓 𝐖𝐚𝐫𝐧𝐢𝐧𝐠 𝐒𝐢𝐠𝐧𝐬 𝐘𝐨𝐮𝐫 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐇𝐚𝐬 𝐎𝐮𝐭𝐠𝐫𝐨𝐰𝐧 𝐒𝐩𝐫𝐞𝐚𝐝𝐬𝐡𝐞𝐞𝐭𝐬

Many businesses start with spreadsheets because they are simple and easy to use. But as operations expand, managing everything through multiple files can create hidden challenges- from inaccurate data to slow decision-making.