ERP System သည်သုံးတက်ရင်ဆေးမသုံးတက်ရင်ဘေး လို့ပြောရပါလိမ့်မယ်။ ကျွန်တော်တို့အနေနှင့် အောင်မြင်စွာ တပ်ဆင်ပေးခဲ့ပင်မယ့်လည်း တစ်ခါတစ်လေကျရင် မိတ်ဆွေတို့ရဲ့ လုပ်ငန်းပိုင်းအတွင်း ဝန်ထမ်းများအဆင်မပြေမှုတွေ၊ အခြားကိစ္စတွေကြောင့် ပျက်ဆီးသွားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီနေ့မှာတော့ အဲဒီအခက်အချို့ မိတ်ဆွေတို့ သတိထားမိဖို့အတွက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ 👇👇
📌Business ပိုင်းနှင့်ပက်သက်သည်အရာများ ကိုအာရုံစိုက်ရမည့်အစား နည်းပညာပိုင်းကို ဦးစားပေးခြင်း။
မိတ်ဆွေတို့အနေနဲ့ ERP System ကိုအကောင်အထည်ဖော်ဖို့ဆိုရင် နည်းပညာပိုင်းအဆင့်မြင့်နေတာမျိုးလို့မတွေးသင့်ပါဘူး။ တကယ်တော့ ERP ဆိုတာ မိတ်ဆွေတို့ရဲ့ စီပွားရေးလိုအပ်ချက်တွေကို စနစ်တကျနဲ့ တိကျအောင်ကူညီထောက်ပံပေးတဲ့ ဖြေရှင်းနည်းဆိုပိုမှန်ပါလိမ့်မယ်။ ဒါကြောင့်မိတ်ဆွေအနေနဲ့ နာမည်ကြီး၊ စျေးကြီးပြီး၊ နည်းပညာပိုင်းအဆင်မြင့်တဲ့ Software တွေကိုစဥ်းစားမည့်အစား လုပ်ငန်းအတွက်တကယ်လိုအပ်ပြီးထိရောက်တဲ့ Vendor တွေကိုစဥ်စားသင့်ပါတယ်။
📌ERP စနစ်သည်အချိန်ယူဖို့လိုအပ်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ ERP စနစ်ကိုအကောင်အထည်ဖေါ်နေတဲ့အချိန်မှာ စိတ်ရှည်ရှည်နဲ့ အချိန်ယူဖို့လိုပါတယ်။ ERP software တွေက အချို့ Software တွေလို့ အခုတပ်အခုသုံးဆိုတာမျိုးမဟုတ်ဘဲ မိတ်ဆွေရဲ့လုပ်ငန်းပိုင်းလိုအပ်ချက်တွေကိုဆွေးနွေး၊ အချက်အလက်တွေ ပြည့်စုံမှာသာ ERP စနစ်ကိုအောင်မြင်စွာအကောင်အထည်ဖေါ်နိုင်မှာဖြစ်ပါတယ်။
📌ERP customization ပြုလုပ်ခြင်းကိုတက်နိုင်သမျှ လျော့ချပါ။
တချို့လုပ်ငန်းတွေမှာ မိတ်ဆွေတို့ရဲ့ ကုန်ပစ္စည်းတွေမတူညီတာကြောင့် ထုတ်လုပ်ဖြန့်ချိတဲ့အပိုင်းမှာ ပြင်ဆင်မှုအချို့လုပ်သင့်ပေမဲ့ အချို့မလိုအပ်တဲ့ Back-office ပိုင်းတွေမှာပြင်ဆင်မှုပြုလုပ်မှု ပြုလုပ်မယ်ဆိုရင်တော့ မလိုလားအပ်တဲ့ရှုပ်ထွေးမှုတွေ ကြန့်ကြာမှုတွေဖြစ်လာနိုင်ပါတယ်။
📌လုပ်ငန်းကိုနားလည်တက်ကျွမ်းသူများကိုရွေးချယ်ပါ။
ဒီအချက်ကတော့အားလုံးထဲမှာအရေးကြီးတဲ့အချက်လို့ ပြောပါရစေ။ မိတ်ဆွေအနေနဲ့ လုပ်ငန်းပိုင်းကိုနားလည်ပြီး မိတ်ဆွေလုပ်ငန်းနှင့်အလားတူ လုပ်ငန်းများကို ကိုင်တွယ်ဖူးသူတွေ၊ မိတ်ဆွေရဲ့လုပ်ငန်းကိုသိတက်နားလည်တဲ့သူတွေကို ရွေးချယ်မှသာ မိတ်ဆွေကိုအကြံဉာဏ်ကောင်းများပေးကာ ERP စနစ်ကိုအောင်မြင်စွာြပုလုပ်နိုင်မှာပဲဖြစ်ပါတယ်။
—————————————————————-
Website 🌐: www.sunfixconsulting.com.mm
Email 📧: info.sunfix@sunfixconsulting.com.mm
Ph ☎️: 09-252991462, 09-787539089
#sunfix #cuscen #erp #cloudbased #consulting #sunfixconsultingmyanmar #clouderp #myanmar #software #b2b #business #digitaltransformation
Retail (လက်လီ) လုပ်ငန်းတွေမှာရော ERP System လိုအပ်လားလို့မေးလာရင်တော့ အကောင်းဆုံးနဲ့ အထိရောက်ဆုံး ရလဒ်ကို လိုချင်တယ်ဆိုရင်တော့ မိတ်ဆွေအတွက် ERP ကမျက်လုံးမှိတ်ပြီးသားရွေးချယ်လိုက်ပါ။ Retail လုပ်ငန်းငယ်တွေမှာတော့ ERP System ရဲ့ကုန်ကျစရိတ်က များပြာကောင်းများပြားနိုင်ပါတယ်။ ဒါပေမယ့် မိတ်ဆွေလုပ်ငန်းချဲ့ထွင်မယ်၊ ပိုပြီးတိုးတက်အောင်လုပ်မယ်ဆိုရင်တော့ မိတ်ဆွေအနေနဲ့ ERP System တွေကိုလိုအပ်လာမှာကတော့ အသေအချာပါပဲ။
ERP System သည်သုံးတက်ရင်ဆေးမသုံးတက်ရင်ဘေး လို့ပြောရပါလိမ့်မယ်။ ကျွန်တော်တို့အနေနှင့် အောင်မြင်စွာ တပ်ဆင်ပေးခဲ့ပင်မယ့်လည်း တစ်ခါတစ်လေကျရင် မိတ်ဆွေတို့ရဲ့ လုပ်ငန်းပိုင်းအတွင်း ဝန်ထမ်းများအဆင်မပြေမှုတွေ၊ အခြားကိစ္စတွေကြောင့် ပျက်ဆီးသွားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
Copyright by SUNFIX Myanmar. All rights reserved.