sunsystem in myanmar
Article

ERP ကိုအသုံးမပြုခင်ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ

ERP ကိုအသုံးမပြုခင်ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ

ERP System ဆိုတာ လုပ်ငန်းကျယ်ပြန့်ကြီးမားလာတာနှင့်အမျှ မိတ်ဆွေတို့ရဲ့ အလုပ်ပိုမိုလွယ်ကူတိကျအောင် ကူညီပေးနိုင်တဲ့ လုပ်ဖော်ကိုင်ဖက်ဆိုလည်းမမှားပါဘူး။ အခုလို ကောင်းမွန်တဲ့လုပ်‌ဖော်ကိုင်ဖက်ကောင်းရဖို့ အတွက်ဆိုရင် မိတ်ဆွေတို့အနေ ကြိုတင်စဥ်းစားလုပ်ဆောင်သင့်တဲ့အချက် (၄) ချက်ရှိပါတယ်။ ??

?တိကျစွာစီစဥ်ပါ။

ERP System ဆိုတာ‌‌ရေရှည်အသုံးပြုရမယ့်အရာ ဖြစ်နေတော့ မိတ်ဆွေတို့ရဲ့လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ဆောင်ချက် တွေကိုပြည်စုံစွာသိရှိထားဖို့လိုအပ်ပါတယ်။ မိတ်ဆွေရဲ့ ကုမ္ပဏီအတွက်သင့်တော်သော module များကိုအသုံးပြုရန် မိတ်ဆွေရဲ့လုပ်ငန်းဌာနအားလုံးနှင့် ဆွေးနွေးဖို့လိုအပ်ပါတယ်။ ✔

?Budget ဘယ်လောက်သုံးမလဲဆိုတာကြိုတင်စဥ်းစားထားပါ။

မိတ်ဆွေအနေနဲ့ ERP System ကိုဝယ်ယူမသုံးစွဲခင် မိတ်ဆွေအနေနဲ့ မည်မျှသုံးစွဲမည်ကို တွက်ချက်ထားဖို့ လိုအပ်ပါတယ်။ အဲဒီတော့မှ မိတ်ဆွေအနေနဲ့ လိုအပ်တဲ့ Module တွေဝယ်ယူရန် ချိန်ဆနိုင်မှာဖြစ်ပါတယ်။ ✔

?မိတ်ဆွေနှင့်လက်တွဲမည့် Vendor ၏ အကြောင်းကိုသေချာလေ့လာပါ။ ?

ERP System ဆိုတာချက်ချင်းဝယ် ချက်ချင်းအသုံးပြုလို့ရတဲ့ Software မျိုးမဟုတ်တဲ့အတွက် ‌ရေရှည်လက်တွဲ ဖို့အတွက်ဆို မိတ်ဆွေအနေနဲ့ ကောင်းမွန်သောဝန်ဆောင်မှုပေးနိုင်တဲ့ Vendor မျိုးကို‌ရွေးချယ်ဖို့လိုအပ်ပါတယ်။ မိတ်ဆွေတို့ရဲ့လိုအပ်ချက်တွေ၊ အခက်အခဲတွေကို စိတ်ရှည်၊ ကောင်းမွန်စွာဆွေးနွေးဖြေရှင်းပေးဖို့အတွက်ဆို ကျွမ်းကျင်တဲ့ Vendor တွေကို‌ရွေးချယ်သင့်ပါတယ်။ ✔

?အခက်အခဲတွေကိုပွင့်ပွင့်လင်းလင်းပြောပြပါ။
မိတ်ဆွေအနေနဲ့ လက်ရှိတွေ့ကြုံနေရတဲ့အနေအထား အတူတူလက်တွဲမည့် Vendor ကိုသေသေချာချာရှင်းပြဖို့လိုအပ်ပါတယ်။ လုပ်ငန်းရဲ့ လိုအပ်ချက်အသေးစိတ်ကိုပြောပြမှာ Vendor များအနေဖြင့် မိတ်ဆွေတို့ကို ထိရောက်စွာကူညီပေးနိုင်မှာပါ။ ✔

#YourEffectivePartner
#sunfix #cuscen #erp #cloudbased #consulting #sunfixconsultingmyanmar #clouderp #myanmar #productivity

Related Articles

Sunfix Consulting Company Article

Why You Need Effective Inventory Management

Effective inventory management is essential for business success. It enhances customer experience by ensuring a fast and seamless purchasing process. But if you’re experiencing excessive […] Read More

Sunfix Consulting Company Article

The 4 most important steps in the implementation of ERP

Before implementing an ERP system, you need to know the purpose of using ERP; Expenses You will need to discuss with your ERP vendor which business to use.

Sunfix Consulting Company Article

5 Emerging Trends Shaping Business Software Solutions

In today’s fast-paced business world, if you want to stay ahead of others, you must be able to use the latest technology.